" Lie Over You "
ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် မျက်နှာလွဲဲပြီး
ဘယ်လောက်ကြာကြာနေနိင်မှာလဲ
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ချန်ထားပြီး
ဘယ်လောက်ဝေးဝေးသွားကြမှာလဲ
သတိရတိုင်းခင်ဗျားနာမည်လေးရေရွတ်ရင်းနဲ့
ကောင်းကင်မော့ကြည့်ရင်းစိတ်ဖြေရတာပါပဲ
ကျွန်တော်ပြိုလဲပြီးတဲ့နောက် တွေးမိတာက
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်လိုအပ်တယ်ဆိုတာ
ဟုတ်ချင်မှဟုတ်မှာပါလို့ပေါ့လေ။ ညာနေတာများလားပေါ့။
အစကတည်းကညာပြီးချစ်ခဲ့ကြတာလား
ချစ်ပြီးမှညာခဲ့ကြတာလားဆိုတာကတော့
ကာယကံရှင်ကျွန်တော်တို့နှစ်ယောက်သာသိနိင်ပါလိမ့်မယ်။
ဒါပေမဲ့ဘယ်သူမှတော့ဖြေစရာမလိုပါဘူးဗျာ
ထပ်ဖြေရင်ထပ်ညာနေကြရလိမ့်မယ်။
ထပ်ညာရင်ထပ်နာကျင်ကြရမှာကျွန်တော်တို့ကိုယ်တိုင်ပဲမလား ?
လူ့ဘဝဆိုတာလည်းအခက်သား
တစ်ခါတစ်လေကျပြဿနာဖြစ်လို့ဖြစ်နေမှန်းမသိအောင်
သိမ်မွေ့နေတာမျိုးရှိတယ်
ဒုက္ခရောက်လို့ကူကယ်ရာမဲ့နေတာတောင်မှ
မသိစိတ်ကသာယာနေတာမျိုးရှိတယ်
အဲ့လိုပြဇတ်ဆန်လာတဲ့ဘဝတွေကြား
ဘဝဟာပြဇတ်မဆန်ဖို့အတွက်ရုန်းရင်းကန်ရင်းတိုးရင်းဝှေ့ရင်း
ဘာကိုမှလွတ်ကျမသွားအောင်တိုက်တွန်းရင်းနဲ့
ဘုရားဟောသလို ဘယ်အရာမှမမြဲဘူးဆိုရင်
ကိုယ့်အတ္တကိုယ်ပုံဖော်ထုဆစ်နေလို့ ဘာမှထူးမယ်မထင်ဘူး
ခင်ဗျားပါမှဖြစ်မဲ့နေရာတွေထပ်သွားဖြစ်မယ်မထင်ဘူး
ခင်ဗျားရှိမှဖြစ်မယ်ဆိုတဲ့အတွေးတွေထပ်တွေးဖြစ်မှာမဟုတ်ဘူး
၁၂ နာရီထက်ပိုညည့်နက်တဲ့ကျွန်တော့်ကမ္ဘာထဲကခင်ဗျားကိုထွက်ခွာခွင့်ပေးတာ ကျွန်တော်မှားမယ်မထင်ဘူး
ဝေးကြတဲ့အခါ ဆုတောင်းကတော့
လွပ်မြောက်ခြင်းတရားမှာ အချုပ်အနှောင်ကင်းပါစေပေါ့ဗျာ
" Pain "
Poet : " Pain "